ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

ရေဖြူ  ဧပြီ  ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းကို ဧပြီလ(၂)ရက်နေ့ကအချိန်က စတင်ဖွင့်လှစ်လျက်ရှိရာ Community Centre ခန်းမတွင် (၁၀)ရက်မြောက်အဖြစ် သင်ကြားလျက်ရှိသည်။

ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူရှိန်က နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာ အတတ်ပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ အတတ်ပညာများတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာအုပ်စာစောင်များ လေ့လာဖတ်ရှု မှတ်သားတတ်သည့် အလေ့အကျင့်ကောင်းများဖြစ်စေရန် စသည့်သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းနည်းပြဆရာအဖြစ် ဦးစီးအရာရှိဒေါ်ဖြူဖြူရှိန်က အင်္ဂလိပ်စာ သင်ခန်းစာများအား  ဆက်လက်ပို့ချခဲ့သည်။

အဆိုပါသင်တန်းသို့ အခြေခံပညာအထက်တန်းကျောင်း၊ ရေဖြူမြို့က ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလ ဧပြီလ ၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ခတ္တာ