ပုလော မတ် ၂၅
ပုလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ဆရာဆရာမများကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် အလယ်တန်း၊မူလတန်း ဘာသာရပ်သင်ကြားမှု အရည်အသွေးမြှင့်သင်တန်းကို မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပုလောမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ပုလော မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများမှ ဘာသာရပ်သင် ဆရာ/ဆရာမများ တက်ရောက်ကြပြီး သင်းတန်းကာလမှာ မတ်လ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ ဘာသာရပ်သင်ဆရာ၊ ဆရာမများ သင်ကြားရေး စွမ်းရည်မြင့်မားလာစေရန်၊ ခေတ်နှင့်အညီတိုးတက်လာနေသော ပညာရေးစနစ်များအား သိရှိလိုက်နာ ကျင့်သုံးနိုင်စေရန်၊ အရည်အသွေးပြည့်သော ကျောင်းသားကျောင်းသူများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်အဆင့် အလယ်တန်း၊ မူလတန်းဘာသာရပ်သင်ကြားမှု အရည်အသွေးမြှင့်သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပုလောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အေးအေးမော်(ပုလော)