မိုင်းတုံမြို့၌ သင်္ကြန်ပွဲ အောင်မြင်စွာကျင်းပနိုင်‌ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်း‌အဝေးပြုလုပ်

မိုင်းတုံ မတ် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေပိုင်းက ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/‌ ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ ရပ်မိရပ်ဖများစု‌‌ပေါင်း၍ သင်္ကြန်ပွဲ‌ အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်း‌အဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က သင်္ကြန်ပွဲ အောင်မြင်စွာကျင်းပနိုင်‌ရေး ဒုတိယအကြိမ်‌ ခေါ်ယူညှိနှိုင်းရခြင်းဖြစ်‌ကြောင်း၊ ဒီပွဲသည် ဌာနဆိုင်ရာဘဲ တစ်သီးတခြားတည်းလုပ်သည့်ပွဲမဟုတ်၊ ပြည်သူနဲ့ဌာနဆိုင်ရာပူးပေါင်းပြီး မိမိဒေသစည်စည်ကားကားနဲ့ လွတ်လပ်စွာပျော်ပါးနိုင်အောင် စီစဉ်ဆောင်ရွက်တဲ့ပွဲဖြစ်သည့်အတွက် အားလုံးပါဝင်စေချင်ကြောင်း၊ သင်္ကြန်ဖြစ်မြောက်ရေး ကော်မတီက‌တော့ ယခင်နှစ်အတိုင်းဖွဲ့ ပေးထားပြီးဖြစ်သည့်အတွက် ကော်မတီအလိုက် ဆောင်ရွက်ချက်များကို တင်ပြပေးရမှာဖြစ်ကြောင်း၊ အဓိကသည် ပရိတ်သတ် တည်ငြိမ်အောင် ပြန်ကြားရေးနှင့်ဖျော်ဖြေရေး ဆက်ကော်မတီက  ဖျော်ဖြေရေးတွင် ပါဝင်မဲ့ အကအဖွဲ့များကို မည်သို့စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ကျန်‌ကော်မတီများကလည်း ကော်မတီအလိုက်ဆောင် ရွက်ထားရှိမှုနှင့် မိမိတို့လုပ်ဆောင်ရမည့်လုပ်ငန်းတွင် အခက်အခဲရှိပါကတင်ပြနိုင်ကြောင်း၊ အဓိကသည်သင်္ကြန်ပွဲကို စည်စည်ကားကားဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်အောင် ဆက်ကော်မတီတစ်ဖွဲ့ချင်းရဲ့ လုပ်ဆောင်မှုကအဓိကဖြစ်ကြောင်း၊ အားလုံးပူးပေါင်းပြီး စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အခက်အခဲမရှိပဲ အောင်မြင်စွာပြီးမြောက်စေလိုကြောင်း၊ လိုအပ်သည့် အခက်အခဲများကိုတင်ပြမှသာ လိုအပ်တာ ဖြည့်စည်းပေးနိုင်မှာဖြစ်သည့်အတွက် တင်ပြကြရန်ပြောကြားပြီးနောက် တက်ရောက်လာသည့် ယခင်ဖွဲ့စည်းထားသည့် ကော်မတီအလိုက် ဆွေးနွေးတင်ပြပြီးနောက် တင်ပြမှုအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)