ကမာရွတ် မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း/ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၃)ကမာရွတ်၌ ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မြတ်လေးမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် သင်တန်းဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြများနှင့်မိတ်ဆက်ပေးပြီး သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါသင်တန်းသို့ ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ ဆရာ၊ ဆရာမသင်တန်းသား၊ သင်တန်းသူ(၁၇၁)ဦး တက်ရောက်ကြပြီးသင်တန်းကို မတ်လ(၂၄)ရက်နေ့မှ(၂၈)ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)