သတောင်ကြီး မတ် ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်ပညာရေးမှူးရုံးမှ ဦးစီး၍ အခြေခံပညာထက်ဆင့်၊ လယ်ဆင့်နှင့် မူဆင့်ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်နော်စဲဘွယ်က ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာ ဆွေးနွေပွဲများ ပြုလုပ်ပေးခြင်းဖြင့် ဆရာ/ဆရာမများ စွမ်းရည်မြှင့်မားပြီး ကျောင်းသူ/ကျောင်းသားများကို ဗလငါးတန်နှင့် ပြည့်ဝသော ထူးချွန်ထက်မြက်သော လူတော်လူကောင်းများကို မွေးထုတ်ပေးနိုင်ရန်၊ နည်းပြများ၏ သင်ကြားပို့ချမှုကို စနစ်တကျ မှတ်သား၍ အချင်းချင်းတစ်ဦးနှင့်တစ်ဦး ဘာသာရပ်အလိုက် သင်ကြားမှုများအား လက်တွေ့ဆောင်ရွက်ကြရန်စသည်တို့အား ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အခြေခံပညာထက်ဆင့်၊ လယ်ဆင့်နှင့် မူဆင့်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ၂၀၂၅ ခုနှစ် မတ်လ ၂၄ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သံတောင်ကြီးမြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများရှိ အထက်တန်းပြ ဆရာ/ဆရာမ နည်းပြ (၂)ဦးနှင့် ဆရာ/ဆရာမ (၅၁)ဦး၊ ရုံးအဖွဲ့(၂)ဦး စုစုပေါင်း (၅၇) ဦးနှင့် အလယ်တန်းပြဆရာ/ဆရာမ နည်းပြ(၆)ဦး ဆရာ/ဆရာမ (၁၀၂)ဦး ရုံးအဖွဲ့ (၃)ဦး စုစုပေါင်း (၁၁၁)ဦးတို့ မူလတန်းတန်းပြဆရာ/ဆရာမ နည်းပြ(၂၂)ဦး ဆရာ/ဆရာမ (၁၀၂)ဦး ရုံးအဖွဲ့(၃)ဦး စုစုပေါင်း (၃၀၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်နော်မူ (ပြန်/ဆက်)