မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကြည့်မြင်တိုင်    မတ်     ၂၄

ကြည့်မြင်တိုင်မြို့နယ်၌ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညီညီက ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရေးအတွက် ဌာနဆိုင်ရာများအား ဖွဲ့စည်းတာဝန်ပေးထားသည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအလိုက် စုပေါင်းဆောင်ရွက်ကြရန်၊ သင်္ကြန်မဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများ၊ သင်္ကြန်ယိမ်းအဖွဲ့များဖြင့်ကပြဖျော်ဖြေရေး၊ ဖွင့်ပွဲ/ပိတ်ပွဲအစီအစဉ်များအား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ ရေလုံလောက်စွာရရှိရေးဆောင်ရွက်မှု၊ ဧည့်ခံကျွေးမွေးရေးနှင့်ဖျော်ဖြေရေးအစီအစဉ်များ၊ လုံခြုံရေးကဏ္ဍများ၊   စတုဒိသာကျွေးမွေးရေး အစီအစဉ်များအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကော်မတီအသီးသီးက ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညီညီကလိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)