လိပ်သို မတ် ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်းကြောင့် ကျေးရွာအများစုမှာ စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ်လေးများတွင် ဒရင်ကောက်ရွက်များ များပြားစွာပေါက်ရောက်လျက်ရှိနေကြောင်း သိရသည်။
ယခုအခါ နွေရာသီကာလ ဒရင်ကောက်ရွက်များ လှိုင်လှိုင်ပေါ်ချိန်တွင် ဒရင်ကောက် အရွက်နုများကို ဒေသခံပြည်သူများက မိသားစုစားသုံးရန် လိုက်လံချိုးယူကြပြီး ပိုလျှံသော ဒရင်ကောက်ရွက်နုများကို အခြားစားသုံးသူများထံ ပြန်လည်ရောင်းချခြင်းဖြင့် အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
ဒရင်ကောက်ရွက်များကို စားသုံးပေးခြင်းအားဖြင့် ကိုယ်အလေးချိန်ကို လျှော့ချပေးခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ ကူးစက်ရောဂါများမှ ကာကွယ်ပေးခြင်းစသည့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိစေကြောင်း၊ ယခင်ကာလများက ဒရင်ကောက်ရွက်များ လွန်စွာပေါများသဖြင့် တစ်စီးကို ကျပ် (၅၀ဝိ/-) သာရရှိခဲ့သော်လည်း ယခုအခါ ဒရင်ကောက်ရွက်များ ရှားပါးလာခြင်း၊ စားသုံးသူ တိုးပွားလာခြင်းတို့ကြောင့် ဒရင်ကောက် အစီးအရွယ်အစားပေါ်မူတည်၍ တစ်စီးကို ကျပ် (၁၀၀ဝိ/-) မှ (၂၀၀ဝိ/-) ကျပ်အထိ ရောင်းချရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်