ပိုင်ကျုံ မတ် ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကရင်ပြည်နယ် အစိုးရအဖွဲ့၏(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်းများအား မတ်လ ၂၂ ရက်နေ့က ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းသည် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်နှင့်ပညာပလီးကျေးရွာချင်းဆက် ကွန်ကရစ်လမ်း (၁မိုင်)နှင့် ပိုင်ကျုံမြို့ မြို့မဘုန်းတော်ကြီးကျောင်းမှ ခရစ်ယာန်ဘုရားရှိခိုးကျောင်းထိ ကတ္တရာလမ်း(၀/၅)မိုင်တို့အား အများပြည်သူများ သွားလာမှုလွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွင်း (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လမ်ခင်းခြင်းလုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် မဟာမြေကုမ္မဏီနှင့်ရွှေဒုံသမိကုမ္မဏီတို့မှ တာဝန်ရှိသူများက တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိများ၊ KNU ကရင်အမျိုးသားအစည်းအရုံးမှတာဝန်ရှိသူများ၊ နယ်ခြားစောင့်တပ် အမှတ်(၂)တပ်နယ်မှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)