သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များ စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး မတ်လ ၁၉

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာမောင်သစ်ဆင်း၏ ကြောက်စိတ်နဲ့ကလေးတို့မနက်ဖန်စာအုပ်အား ယမန်နေ့နေ့လယ်(၁)နာရီအချိန်က (Community      Centre) ခန်းမ၌  စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်မူးသော(Book Club)  အဖွဲ့ဝင်က  စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် သူတို့ကိုယ်သူတို့ အချိန်ဓလေ့၊ ကြောက်စိတ်(သို့) တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ၊ ပိုက်ဆံနဲ့ချမ်းမြေ့သုခ၊ အပြောင်းအလဲစသည့်အကြောင်းအရာများအား စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး စောအယ်အော် (Youth  Club)အဖွဲ့ဝင်က ကျောင်းကောင်း၊ ပညာလူ့အဖွဲ့အစည်း၊ ကလေးတို့မနက်ဖြန်၊ လာလေအတူသွားစို့၊ သဘောနဲကမ္ဘာစသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး  တက်ရောက်လာသည့်     Book  Club / Youth Club  အဖွဲ့ဝင်များကစာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာရေးဆရာမောင်သစ်ဆင်း၏ ကြောက်စိတ်နဲ့ကလေးတို့မနက်ဖြန်စာအုပ်ကို ဖတ်ရှုခြင်းဖြင့် ပြသာနာအရပ်ရပ်ကို ကြောက်စိတ်မရှိ ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြေရှင်းတတ်လာခြင်းနှင့် အချိန်ကိုစည်းကမ်းရှိစွာ အသုံးပြုလာတတ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။

နော်နော်မူ(ပြန်/ဆက်)