မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်ဘာသာရပ် ဆက်လက်ဖြေဆို

မန္တလေး မတ် ၁၈

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သည့် ပုသိမ်ကြီးမြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ (၇၅၃) ဦး၊ ဖြေဆိုရာခိုင်နှုန်း (၁၀၁.၅) ရာခိုင်နှုန်း၊ မဟာအောင်မြေမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၀၆၅)ဦးနှင့် ဖြေဆိုရန်ပျက်ကွက်သူ (၁၄)ဦး၊ ဂွမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၃၆၂) ဦး၊ ပြင်ဦးလွင်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၃၃၆၁) ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ (၁၄၉)ဦးနှင့် ဖြေဆိုမှု (၉၅.၇၅) ရာခိုင်နှုန်း၊  မိတ္ထီလာမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း (၃၇၂၅) ဦး၊  ပျော်ဘွယ်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၀၈၄) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၄၇၄)ရာခိုင်နှုန်း၊ ကျောက်ဆည်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း(၁၅၀၄)ဦး၊ တံတားဦးမြို့နယ် တွင် ဖြေဆိုသူစုစုပေါင်း (၃၃၇) ဦးနှင့် ဖြေဆိုမှုရာခိုင်နှုန်း (၁၉၅.၇၂)ရာခိုင်နှုန်း၊ ညောင်ဦးမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၅၁၇) ဦး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၆၀၀) ဦးနှင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၇၉)ရာခိုင်နှုန်း၊ ပျော်ဘွယ်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၀၈၄) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၄၇၄)ရာခိုင်နှုန်း၊ သာစည်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၃၃၉) ဦး၊ ငါးဇွန်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၈၅) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၆၄)ရာခိုင်နှုန်း၊ ဝမ်းတွင်း မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၁၀၈) ဦးနှင့် ဖြေဆိုရန်ပျက်ကွက်သူ (၂၂)ဦး၊ ရမည်းသင်းမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၁၃၆) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၈၅)ရာခိုင်နှုန်း၊ စဉ့်ကိုင်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၂၆၉) ဦးနှင့် ဖြေဆိုရန်ပျက်ကွက်သူ (၁၆)ဦး၊ တောင်သာ မြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း (၇၃၇) ဦးနှင့် မြင်းခြံမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၉၃) ဦးနှင့် ဖြေဆိုရန်ပျက်ကွက်သူ (၄၂)ဦး၊ အသီးသီးဝင်ရောက် ဖြေဆိုလျက် ရှိကြောင်း သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများမှ သိရသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ် ကြည့်ရှုပေးလျက်ရှိကာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)