ဘားအံ မတ် ၁၈
၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများကို စတင်ကျင်းပလျက်ရှိရာ ကျောင်းသား၊ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ကရင်ပြည်နယ်အတွင်းစာစစ်ဌာန ၁၂ ခု၌ ယမန်နေ့ မြန်မာစာဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ ၃၃၄၈ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၄၇၆ ဦး မြန်မာစာဘာသာ ဖြေဆိုနေမှုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စာမေးပွဲဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့်တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရန်အတွက် စာမေးပွဲ စည်းမျဉ်း၊ စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ထို့အတူ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာဖြေဆိုပြီး ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ အဓိကလုပ်ငန်းစဉ် (၈)ရပ်အနက် ထောက်ပံ့ငွေများကို ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်မှစ၍ မြန်မာ့ စီးပွားရေးဘဏ်မှတစ်ဆင့် ထောက်ပံ့ပေးသွားမည်ဖြစ်ရာ ယမန်နေ့နံနက် ၁၀ နာရီက လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား မြန်မာ့ စီးပွားရေးဘဏ်မှထောက်ပံ့ကြေးပေးအပ်သည့်အစီအစဉ်နှင့် အသိပညာပေးအခမ်းအနားကို ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် မိမိတို့ ရပ်ကွက်/ကျေးရွာအတွင်းရှိ အကျိုးခံစားခွင့်ရှိသူများကို မြန်မာ့စီးပွားရေးဘဏ်များသို့ အချိန်မီသွားရောက်ထုတ်ယူနိုင်ရေး အသိပေးဆောင်ရွက်သွားရန်နှင့် မြန်မာ့စီးပွားရေးဘဏ်များအနေဖြင့်လည်း အကျိုးခံစားခွင့်ရှိသူများ အဆင်ပြေစွာ ထုတ်ယူနိုင်ရေးဆောင်ရွက်ပေးကြရန်နှင့် ထောက်ပံ့ကြေးပေးအပ်သည့် လုပ်ငန်းစဉ် တွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးက လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်(၂) ရပ်ဖြစ်သော လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများအား မြန်မာ့စီးပွားရေးဘဏ်မှတဆင့် ထောက်ပံ့ ကြေးပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့နယ်အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား(၁၁၁၁)ဦးအတွက် ထောက်ပံ့ကြေးငွေကျပ် ၉၈၉၇၀၀၀ဝိ/-(ကိုးရာရှစ်ဆယ့်ကိုးသိန်းခုနှစ်သောင်းကျပ်)နှင့် ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးသူငယ်(၂၆၉၀)ဦးအတွက် ထောက်ပံ့ငွေကျပ် ၂၀၇၂၄၀၀၀ဝိ/ (နှစ်ထောင်ခုနှစ်ဆယ့်နှစ်သိန်းလေးသောင်းကျပ်) ကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက က လှိုင်းဘွဲမြို့နယ်အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံ စားခွင့်ရှိသူဘိုးဘွား(၄၇၆)ဦး အတွက် ထောက်ပံ့ကြေးငွေကျပ် ၃၈၆၄၀၀၀ဝိ/-(သုံးရာရှစ်ဆယ့်ခြောက်သိန်းလေးသောင်းကျပ်)နှင့် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် (၁၇၉၀)ဦးအတွက် ငွေကျပ် ၁၃၁၃၂၀၀၀ဝိ/-(တစ်ထောင့်သုံးရာတစ်ဆယ့်သုံးသိန်းနှစ်သောင်းကျပ်)ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ကော့ကရိတ်မြို့နယ်အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား(၄၆)ဦးအတွက် ငွေကျပ် ၃၁၈၀၀၀ဝိ/-(သုံးဆယ်တစ်သိန်းရှစ်သောင်းကျပ်)ကိုလည်းကောင်း၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီးက သံတောင်ကြီးမြို့နယ်အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူဘိုးဘွား(၃၉)ဦးအတွက် ငွေကျပ် ၃၄၅၀၀၀ဝိ/-(သုံးဆယ်လေးသိန်းငါးသောင်းကျပ်)ကိုလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူဘိုးဘွား(၃၇)ဦးအတွက် ငွေကျပ် ၃၂၄၀၀၀ဝိ/-(သုံးဆယ့်နှစ်သိန်းလေးသောင်းကျပ်)ကိုလည်းကောင်း၊ ပြည်နယ်လူမှု ရေးရာဝန်ကြီးက သံတောင်မြို့နယ်အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူဘိုးဘွား (၂၈)ဦး အတွက် ငွေကျပ် ၂၄၀၀၀၀ဝိ/(နှစ်ဆယ့်လေးသိန်းကျပ်)ကို လည်းကောင်း သက်ဆိုင်ရာကို ယ်စားလှယ်များထံ ချီးမြှင့်ပေးအပ်သည်။
ယနေ့အခမ်းအနားတွင် စုစုပေါင်းငွေကျပ် (၄၄၈ ဒဿမ ၄၄၅)သန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များက အခမ်းအနားသို့တက်ရောက်လာသော အကျိုးခံစားခွင့်ရှိသူများအား နေ့လယ်စာများ ဝေငှ ပေးခဲ့ကြသည်။
ဆက်လက်၍ မြန်မာသက္ကရာဇ်(၁၃၈၆)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၊ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပရေး (၂/၂၀၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အထောက်အကူပြုလုပ်ငန်း ကော်မတီများကိုဖွဲ့စည်းတာဝန် ပေးအပ်ထားပြီး ယခင်နှစ်များနှင့်မတူ ရိုးရာယဉ်ကျေးမှုကိုမထိခိုက်စေဘဲ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် လုပ်ငန်းတာဝန်များကို တိတိကျကျခွဲဝေသတ်မှတ်၍ လုပ်ငန်းကော်မတီအချင်းချင်း အချိတ်အဆက်မိမိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များက မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆွေးနွေးတင်ပြကြကာ အထောက်အကူပြုလုပ်ငန်းကော် မတီအတွင်းရေးမှူးများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေး နွေးတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)