ပြင်ဦးလွင် မတ် ၁၈
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာစီစာကုံးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ စာရေးဆရာ ကိုရွှေအောင်သင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြအဖြစ် ဆရာဟိန်းစိုးလတ် (ဂုဏ်ထူးမြန်မာစာ) က စာစီစာကုံး ရေးသားရာတွင် ဂရုပြုရမည့်အချက်များ၊ စာစီစာကုံးအင်္ဂါရပ်များ၊ စာလုံးပေါင်းသတ်ပုံများ နှင့် အဆိုအချေများ အစရှိသည်တို့ကို သင်ကြားပြသပေးခဲ့သည်။
အဆိုပါ စာစီစာကုံးရေးသားနည်းသင်တန်းအား ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၃၀) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး (၁၈-၃--၂၀၂၅) ရက်နေ့မှ (၂၀-၃-၂၀၂၅) ရက်နေ့အထိ (၃) ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သွေးသွေး(ခရိုင်ပြန်/ဆက်)