ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

ပြင်ဦးလွင် မတ်၁၈

နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၁) နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ စာရေးဆရာ ကိုရွှေအောင်သင်းက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် Women Club ဥက္ကဋ္ဌ ဒေါ်ကြူကြူက အခမ်းအနားမှူးတစ်ယောက် လိုက်နာ ဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်များအား ကျောင်းသား/ ကျောင်းသူများ ဗဟုသုတရရှိစေရန် ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်ဝါဝါလွင်နှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီတို့က အခမ်းအနားမှူးတစ်ဦးတွင် ရှိသင့်သည့် အရည်အချင်းများ၊ အခမ်းအနား အမျိုးအစားအလိုက် ကြိုတင်ပြင်ဆင်ရမည့် အစီအမံများ၊ အခမ်းအနားမှူး တစ်ဦးသိသင့်သိထိုက်သည့် ဆောင်ရန်/ ရှောင်ရန်များ၊ မြန်မာစာသဒ္ဒါ အသုံးအနှုန်း၊ အသံအဖြတ်အတောက်များနှင့် လက်တွေ့လုပ်ဆောင်ရာတွင် ဖြစ်ပေါ်တတ်သည့် လုပ်ငန်းအတွေ့အကြုံများအား မျှဝေသင်ကြားပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားမှူးသင်တန်းအား ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၅) ဦး တက်ရောက် သင်ကြားလျက်ရှိပြီး (၁၇.၃.၂၀၂၅) ရက်နေ့မှ (၁၉.၃.၂၀၂၅) ရက်နေ့အထိ (၃) ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သွေးသွေး(ခရိုင်ပြန်/ဆက်)