သံတောင်ကြီး မတ် ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးဒေသရှိ ရော်ဘာစိုက်ပျိုးသော တောင်သူအချို့ ယခုအခါ အစေးလှီးခြင်းနှင့် ရော်ဘာပြားများထုတ်လုပ်ခြင်းလုပ်ငန်း ခေတ္တရပ်းနားလျက်ရှိကြောင်း သိရသည်။ ယခင်လများက ရော်ဘာအစေးလှီးခြင်းလုပ်ငန်း ပုံမှန်လုပ်ကိုင်လျက်ရှိပြီး ရော်ဘာတစ်ပေါင်လျှင် အရည်အသွေးပေါ်မူတည်၍ ကျပ် (၁၇၀၀) မှ (၁၈၀၀) ကျပ်ထိ ရရှိကြောင်း သိရသည်။
ယခုနွေရာသီတွင် ရော်ဘာပင်များ အရွက်များကြွေချိန်ဖြစ်သည့်အတွက် ရော်ဘာအစေးထုတ်ခြင်းကို ခေတ္တရပ်နားထားကြောင်း၊ အရွက်များပြန်ပေါက်လာသည့်အချိန်မှသာလျှင် ရော်ဘာအစေးထုတ်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်မည်ဖြစ်ကြောင်း ယခုနှစ်ရော်ဘာဈေး ကောင်းရရှိသည့်အတွက် ရော်ဘာစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ရော်ဘာစိုက်ပျိုးလုပ်ကိုင်သူတောင်သူ ဦးနေစိုးထံမှ သိရသည်။
နော်နော်မူ