မြဝတီမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (Great-12) ပထမနေ့ မြန်မာစာဘာသာရပ် ကျောင်းသား/ ကျောင်းသူ( ၃၃၆) ဦး ဝင်ရောက်ဖြေဆို

မြဝတီ  မတ် ၁၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (Great-12) ပထမနေ့ စာမေးပွဲ မြန်မာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ကျောင်း သား/ကျောင်းသူ (၃၃၆) ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြဝတီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို (အ.ထ.က-၁) မြဝတီစာစစ်ဌာန၌ ကျင်ပခဲ့ရာ မြဝတီမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၃၈၇) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ (၃၃၅)ဦးနှင့် ဗန်းမော် စာစစ်ဌာနမှ ကျောင်းသူ (၁) ဦး၊ စုစုပေါင်း (၃၃၆) ဦးဝင်ရောက်ဖြေဆိုလျက်ရှိရာ ပျက်ကွက်သူ (၅၂) ဦးရှိသဖြင့် ဖြေဆိုမှု ၈၆.၈၂ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။

အဆိုပါ ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် စိတ်လက်အေးချမ်းစွာနှင့် လုံခြုံစိတ်ချစွာဖြေဆိုနိုင်ရေးအတွက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းစံလင်းနှင့် ခရိုင်/မြို့နယ်အဆင့်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)