ဘားအံ မတ် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ နွေရာသီအခြေခံ Grammar သင်တန်း (၁/၂၀၂၅) ကို မတ်လ (၁၁) ရက်နေ့မှစ၍ စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ဆရာဦးစောအောင်ဘ၊ ဦးသောင်းထွန်း၊ ဦးသန်းအောင်၊ ဦးထူးထူးအောင်တို့က Listening ၊ Speaking ၊ Reading ၊ Writing ၊ Four Skills တို့ကို သင်ကြားပေးလျက်ရှိရာ သင်တန်းသား/ သင်တန်းသူ (၂၅) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ (၁၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ ပို့ချသင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)