ဘားအံခရိုင် Community Centre တွင် သတ္တမအကြိမ် နွေရာသီအခြေခံပန်းချီသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ဘားအံ မတ် ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရေးနှင့် ပန်းချီရေးဆွဲနည်းကို အခြေခံနားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်း ၍ နွေရာသီအခြေခံပန်းချီသင်တန်း (၁/၂၀၂၅)ကို  မတ်လ(၁၁)ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပန်းချီဆရာ ဦးစောနောင်စိုးက မျဉ်းဖြောင့်၊ မျဉ်းမတ်၊ မျဉ်းကွေး ရေးဆွဲနည်း၊ အရာဝတ္ထုပုံသဏ္ဍာန်များ ရေးဆွဲနည်း၊ ရှုခင်းပုံရေးဆွဲနည်းများ၊ ခဲပန်းချီရေးဆွဲ နည်းများကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ(၆၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ (၁၁) ရက်နေ့မှ (၃၁) ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)