မိတ္ထီလာ မတ် ၁၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်က စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (၃)၊ အ.ထ.က (၄)၊ အ.ထ.က (၅)၊ အ.ထ.က (၆)၊ အ.ထ.က (ရေဝေ)၊ အ.ထ.က (တောမ)၊ အ.ထ.က (အလည်ရွာ) စာစစ်ဌာန ၉ ခု ဖွင့်လှစ်ထားရှိပြီး ကျောင်းတွင်းဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၃၃၄၂) ဦး၊ ပြင်ပဖြေဆိုသူ (၃၈၃) ဦး၊ စုစုပေါင်း (၃၇၂၅) ဦး ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မလိုလားအပ်သောကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ မသမာသောကိစ္စရပ်များ မဖြစ်ပေါ်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်၍ လုံခြုံရေးကြီးကြပ်ရေးအဖွဲ့ဝင်များက စာစစ်ဌာနအသီးသီး ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချမ်းသာ