တောင်သာ မတ် ၁၇
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန (၄) ခုတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြရာ စာစစ်ဌာန(၄)ခု ဖြစ်သည့် အ.ထ.က တောင်သာ၊ အ.ထ.က ဝဲလောင်၊ အ.ထ.က ဇဂျမ်း၊ အ.ထ.က ကျောဇီတို့တွင် ကျောင်းသား (၂၉၆)ဦး၊ ကျောင်းသူ(၅၀၆)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၈၀၂)ဦးအနက် မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၂၅၉) ဦး၊ ကျောင်းသူ(၄၇၈) ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ(၇၃၇)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ ဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)