မြစ်သား မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပလျက်ရှိပြီး သတ်မှတ်စာစစ်ဌာနများတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန(၄)ခုဖြစ်သည့် အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် လာရောက်ဖြေဆိုသူ ကျောင်းသား (၁၁၈)ဦးနှင့် ကျောင်းသူ(၂၀၂)ဦး၊ စုစုပေါင်း (၃၂၀)ဦး၊ မြို့မအခြေခံ ပညာအထက်တန်းကျောင်းတွင် လာရောက်ဖြေဆိုသူကျောင်းသား (၁၃၈) ဦးနှင့် ကျောင်းသူ ( ၂၉၉)ဦး စုစုပေါင်း( ၄၃၇)ဦး၊ ကူမဲအခြေခံပညာအထက်တန်းကျောင်းတွင် လာရောက်ဖြေဆိုသူ ကျောင်းသား (၂၁၆)ဦးနှင့် ကျောင်းသူ(၂၅၀)ဦး၊ စုစုပေါင်း (၄၆၆)ဦး၊ ရွာခိုင်ကြီးအခြေခံ ပညာအထက်တန်းကျောင်းတွင် လာရောက်ဖြေဆိုသူ ကျောင်းသား (၂၅)ဦးနှင့် ကျောင်းသူ (၄၀)ဦး၊ စုစုပေါင်း (၆၅)ဦးရှိပြီး စာစစ်ဌာန (၄) ခုရှိဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း( ၁၂၈၈ )ဦးတို့ ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများပူးပေါင်း၍ အတွင်းစည်း၊ အပြင်စည်း လုံခြုံရေးတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)