သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြိုင်ပွဲများပြုလုပ်

သံတောင်ကြီး မတ် ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် (၉) နာရီအချိန်က ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် ကျောင်းနေအရွယ်ကလေးသူငယ်များ တိုင်းရင်းသားဘာသာစကားကိုတန်ဖိုးထားတတ်စေရန်၊ ဉာဏ် ပညာစွမ်းရည်အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ပြီး ဘွဲကရင်ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသူ/ ကျောင်းသား (၈) ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသူ/ ကျောင်းသား (၉) ဦး၊ စကောကရင်ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသူ/ ကျောင်းသား (၈) ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး နော်လော်မူနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ