မဟာအောင်မြေ မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာစစ်ဌာန(၂) ခုတွင် ဖြေဆိုမည့် အမှတ်( ၁၃) အ.ထ.က ကျောင်းသား၊သူ စာရင်းရှိ (၇၁၀) ဦး ဖြေဆို(၆၇၇) ဦးပျက်ကွက် (၃၃) ဦးနှင့် အမှတ် (၂) အ.ထ.က ခွဲ ကျောင်းသား၊သူ စာရင်းရှိ (၄၀၂)ဦး ဖြေဆို (၃၈၈) ဦး ပျက်ကွက် (၁၄) ဦး စုစုပေါင်း ဖြေဆိုသူ (၁၀၆၅) ဦးအား မတ်လ (၁၇)ရက်နေ့ မြန်မာစာဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုခဲ့ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် စာစစ်ဌာနပတ်ဝန်းကျင်၌ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
အောင်ဇော်မင်း (ပြန်/ဆက်)