တံတားဦးမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆို

တံတားဦး မတ် ၁၇

တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၄-၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နိုင်ငံနှင့်တစ်ဝန်းရှိ အခြေခံပညာအထက်တန်းကျောင်းများအားလုံးတွင် တစ်ပြိုင်တည်း ဖြေဆိုမည်ဖြစ်ရာ တံတားဦးမြို့နယ်ရှိ အခြေခံပညာအသထက်တန်းကျောင်းတွင်လည်း ယနေ့နံနက်(၉)နာရီက မြန်မာစာမေးခွန်းကို စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်စာမေးပွဲဖြေဆိုရန် စာစစ်ဌာန (၁)ခုရှိသော်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တံတားဦး ၊ စာစစ်ဌာန ၊ ချောင်းခွစာစစ်ဌာနတို့ဖြင့် ဖြေဆိုလျက်ရှိပါကြောင်း တံတားဦးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ)တို့မှ  မြန်မာစာကို ဖြေဆိုရန် ကျောင်း သား(၂၄၅)ဦး၊ ကျောင်းသူ(၂၄၆)ဦး စုစုပေါင်း (၄၉၁)ဦး စာရင်းပေးထားသော်လည်း၊ အဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၂၃၂) ဦး၊ ကျောင်းသူ (၂၃၈) ဦး စုစုပေါင်း(၄၇၀)ဦး ဖြေဆိုသူအားဖြင့် (၉၅.၇၂)ရာခိုင်နှုန်း ရှိပါကြောင်း၊ ဒါ့အပြင် တံတားဦးမြို့နယ် ချောင်းခွစာစစ်ဌာနတွင် ဖြေဆိုရန် ကျောင်းသား(၆၈)ဦး၊ ကျောင်းသူ (၁၂၉)ဦး စုစုပေါင်း (၁၉၇)ဦး စာရင်းပေးထားသော်လည်း၊ အဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၆၈) ဦး၊ ကျောင်းသူ (၁၂၉)ဦး စုစုပေါင်း (၁၉၇)ဦး ဖြေဆိုသူအားဖြင့် (၁၀၀.၀၀) ရာခိုင်နှုန်း ရှိပါကြောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ ခဲတံ ၊ ပေတံ၊ ခဲဖျက်တို့ကို လိုအပ်ပါက အခမဲ့ယူဆောင်နိုင်ကြောင်းစီစဉ်ဆောင်ရွက်ပေးပြီး တံတားဦးမြို့နယ် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ ပူးပေါင်းပြီး  စာမေးပွဲဖြေဆိုမည့် ကတ်ပြားများပါ၊ မပါစစ်ဆေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကိုပါ တစ်ပါတည်း ဆောင်ရွက်ထားပါကြောင်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ကျောင်းဝင်းအပြင် လုံခြုံရေးခြင်းနှင့် လုံခြုံရေးလုပ်ငန်းများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ရဲတင့် (ပြန်/ဆက်)