စဉ့်ကိုင်မြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

စဉ့်ကိုင် မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ   ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ  မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉:၀၀နာရီက အထက(စဉ့်ကိုင်)နှင့် အထက (ပလိပ်)စာစစ်ဌာန(၂)၌ ကျောင်းသား/ကျောင်းသူ (၁၂၂၂)ဦးတို့ စိတ်အေးချမ်းသာစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆိုရာတွင်  စာရင်းရှိ ကျောင်းသားဦးရေ (၆၂၀)ဦး၊ ကျောင်းသူဦးရေ (၆၄၉)ဦး စုစုပေါင်းဦးရေ (၁၂၆၉)ဦးရှိပြီး၊ ဖြေဆိုသူ ကျောင်းသားဦးရေ (၅၈၅)ဦး ၊ ကျောင်းသူဦး‌ရေ (၆၃၇)ဦး၊ စုစုပေါင်းဦးရေ (၁၂၂၂)ဦး ဝင်‌ရောက်ဖြေဆိုကာ၊ ပျက်ကွက်ကျောင်းသားဦးရေ (၃၅)ဦး၊ ကျောင်းသူဦးရေ(၁၂)ဦး၊ စုစုပေါင်းဦးရေ (၄၇)ဦး ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ တပ်မ‌တော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်မိ၊ ရပ်ဖများက လုံခြုံရေးကိစ္စရပ်များ အား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)