ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၂၂၁၀) ဦး ဖြေဆို

ချမ်းမြသာစည် မတ် ၁၇

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုရာ ချမ်းမြသာစည်မြို့နယ်၌ မြန်မာစာဘာသာရပ်တွင် (၂၂၁၀) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာဖြေဌာန (၃) ခုဖြင့် စစ်ဆေးခဲ့ရာ အမှတ် (၇) အခြေခံ ပညာအထက်တန်းကျောင်း စာဖြေဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၇၆၆) ဦး၊ အမှတ် (၂၆) အခြေခံပညာအထက်တန်း ကျောင်း စာဖြေဌာနတွင် ကျောင်းသား၊ကျောင်းသူ (၅၃၂)ဦး၊အမှတ် (၃၀) အခြေခံပညာအထက်တန်း‌ကျောင်း စာဖြေဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၉၁၂) ဦး စုစုပေါင်း (၂၂၁၀) ဦး ဖြေဆိုခဲ့ပြီး စာဖြေဌာန (၃) ခုတွင် ဖြေဆိုရန် စာရင်းရှိအရ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၆) ဦး ပျက်ကွက်ကြောင်း သိရသည်။

ချမ်းမြေ့