ညောင်ဦးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား မြန်မာစာဘာသာရပ် စတင်ဖြေဆို

ညောင်ဦး မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအား ယနေ့နံနက် ၉ နာရီမှ စတင်၍ မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် အတွင်းဖြေ ကျောင်းသား (၅၂၉) ဦး၊ ကျောင်းသူ (၂၃၅)ဦး စုစုပေါင်း (၂၉၄) ဦးနှင့် အပြင်ဖြေ ကျောင်းသား (၁၀၇) ဦး၊ ကျောင်းသူ (၈၈)ဦး စုစုပေါင်း (၁၉၅) ဦးဝင်ရောက်ဖြေဆိုရန် စာရေးပေးသွင်းဖြေဆို လျက်ရှိပြီး စာစစ်ဌာန (၃) ခု ဖွင့်လှစ်၍ ဖြေဆိုလျက်ရှိပြီး စာမေးပွဲဖြေဆိုနေစဉ်အတွင်း ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရသည်။

ဒီပါလင်း