ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ပုသိမ်ကြီး မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ စာစစ်ဌာနနှစ်ခုတို့၌ ယနေ့နံနက် ၉ နာရီက စတင်ကာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုခဲ့ကြသည်။

ပုသိမ်ကြီးမြို့နယ်တွင် စာရင်းရှိ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၇၂)ဦးရှိပြီး၊ အ.ထ.က ပုသိမ်ကြီး စာစစ်ဌာနတွင် လာရောက်ဖြေဆိုသူ ကျောင်းသား (၁၈၅)ဦး၊ ကျောင်းသူ (၂၉၂) ဦး၊ ပျက်ကွက်မရှိ လာရောက်ဖြေဆိုကြသည်။ အ.ထ.က အုန်းချော စာစစ်ဌာနတွင် ဖြေဆိုသူ ကျောင်းသား (၁၁၅)ဦး၊ ပျက်ကွက် (၁၀)ဦး၊ ကျောင်းသူ (၁၆၄)ဦး၊ ပျက်ကွက် (၆)ဦး၊ စာစစ်ဌာန နှစ်ခုတို့၌ စုစုပေါင်း လာရောက်ဖြေဆိုသူ (၇၅၆)ဦး၊ ဖြေဆိုရာခိုင်နှုန်း (၁၀၁.၈၉) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြေီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)