ကော့ကရိတ် မတ် ၁၇
၂၀၂၅ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉:၀၀ နာရီအချိန်က ဘားအံ အ.ထ.က(၅) စာစစ်ဌာနတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျောင်းသား (၅၆)ဦး၊ ကျောင်းသူ(၁၃၂)ဦးတို့က ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ (၂၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကော့ကရိတ်မြို့နယ်အတွင်း ဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ (၂၀၉)ဦးက စာရင်းပေးသွင်းထားပြီး ယနေ့တွင် ဘားအံ အ.ထ.က (၅) စာစစ်ဌာန၌ လာရောက်ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ (၁၈၈)ဦးတို့က အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)