မြင်းခြံ မတ် ၁၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် (၉) နာရီမှ စတင်ကာ ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့နယ်တွင် အ.ထ.က-၁ (မြင်းခြံ) စာစစ်ဌာနတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၁၃၇) ဦးနှင့် ကျောင်းသူ (၁၉၈) ဦး စုစုပေါင်း(၃၃၅) ဦး၊ ဖြေဆိုသူ ကျောင်းသား (၁၁၇) ဦးနှင့် ကျောင်းသူ (၁၇၇)ဦး စုစုပေါင်း (၂၉၄) ဦး ဖြေဆိုကာ ဖြေဆို ရန် ပျက်ကွက်သည့် ကျောင်းသား(၂၀)ဦးနှင့် ကျောင်းသူ (၂၁)ဦး စုစုပေါင်း (၄၁)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်စွာ(မြင်းခြံ)