ကျောက်ဆည် မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေး စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇေယျာလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းများရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများမှ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြုလုပ်မည့် စာစစ်ဌာနဖြစ်သော အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ မင်းစုအခြေခံပညာအထက်တန်းကျောင်း၊ သံရွာအခြေခံပညာအထက်တန်း ကျောင်းများသို့ ကွင်းဆင်း၍ ကြိုတင်ဆောင်ရွက်ထားသည့် စာဖြေခန်းများ၊ စာဖြေခုန်များ၊ အလင်းရောင်ကောင်းစွာရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် အခြေအနေများ၊ မီးဘေးလုံခြုံရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်မှုများ မရှိစေရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် အတွင်းဖြေ STEAMS-1 ကျောင်းသား(၃၃၃)ဦး၊ ကျောင်းသူ(၅၄၄)ဦး၊ STEAMS-2 ကျောင်းသား(၁၄၅)ဦး၊ ကျောင်းသူ(၁၆၅)ဦး၊ STAMS-1 ကျောင်းသား(၁)ဦး၊ ကျောင်းသူ(၁)ဦး၊ အပြင်ဖြေ STEAMS-1 ကျောင်းသား(၁၃၇)ဦး၊ ကျောင်းသူ(၉၈)ဦး၊ STEAMS-2 ကျောင်းသား(၇၅)ဦး၊ ကျောင်းသူ(၅၀)ဦး၊ STAMS-1 ကျောင်းသား(၁)ဦး၊ ကျောင်းသူ(၄)ဦး စုစုပေါင်း (၁၅၅၄)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်မောင်(ပြန်/ဆက်)