သံတောင်ကြီး မတ် ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးကို အဓိကလုပ်ဆောင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
သံတောင်ကြီးမြို့သည် အမြင့်ပေ (၄၀၀၀) အထက်ရှိပြီး အအေးပိုင်းဒေသဖြစ်သည့်အတွက် လက်ဖက်ပင်များ စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ ယခု ပွင့်လင်းရာသီအချိန် ရောက်လာပြီးဖြစ်သောကြောင့် လက်ဖက်စိုက်ပျိုးတောင်သူများအနေဖြင့် လက်ဖက်ရွက်အနုများ ခူးယူကာ လက် ဖက်ခြောက် (အကြမ်းခြောက်) များ ပြုလုပ်ရောင်းချလျက်ရှိသည်။
သံတောင်ကြီးမြို့သည် ယခင်လက်ဖက်ခြောက်တစ်ပိဿာကို ကျပ် (၇၀၀၀) မှ ကျပ် (၈၀၀၀) ထိသာ ရရှိသော်လည်း ယခုနှစ်တွင် လက်ဖက်ခြောက် တစ်ပိဿာကို ကျပ် (၂၅၀၀၀) ထိ ရရှိသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများမှာ လက်ဖက်များကို ပိုမိုစိုက်ပျိုးလာခဲ့ကြောင်း သိရသည် ။
နော်နော်မူ