မတူပီ ဒီဇင်ဘာ ၈
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ မဟာဓာတ်အားလိုင်းမီးလင်းရေး အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ငလိုင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် အမျိုးသားလွှတ်တော်အမတ်ဦးလားလ်မင်းထန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးအွမ်ဟုန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီးနောက် မီးလင်းရေးအောင်ပွဲဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့်ပက်ဖြန်းကြသည်။ အဆိုပါ မတာဓာတ်အားလိုင်းမီးလင်းရေးနှင့်ပတ်သက်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအွမ်ဟုန်းက ငလိုင်ကျေးရွာမီးလင်းရေးကို (၂၀၁၉-၂၀၂၀) ချင်းပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့ပြီး (၇-၁၂-၂၀၂၀)ရက်နေ့မှ စတင်ဓာတ်အားဖြန့်ဖြူးခဲ့ကြောင်း၊ အိမ်သုံးမီတာဘောက် အလုံးရေ(၁၀၀)ကျော်ကို တပ်ဆင်ပြီးဖြစ်ကြောင်းနှင့် ဖနိုင်ကျေးရွာမဟာဓာတ်အားလိုင်း ဖြန့်ဖြူးနိုင်ရေး အတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ငလိုင်ကျေးရွာအတွင်းရှိ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)