တနိုင်း ဒီဇင်ဘာ ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ မြို့နယ်မနောကွင်းခန်းမ၌ Facility Qurantine ကန့်သတ် ထားရှိသူများအား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ ဓာတ်ခွဲနမူနာများရယူခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန်အတွက် ပြည်ပနှင့် ပြည်တွင်းရှိ အခြား မြို့နယ်များမှ နေရပ်သို့ပြန်လည် ရောက်ရှိလာသူ(၃)ဦးအား မြို့နယ်မနောကွင်း အတွင်းရှိခန်းမ၌ (၁၄)ရက် ကန့်သတ်ထားရှိပြီး အဆိုပါ ကန့်သတ်ထားရှိသူ အမျိုးသား(၂)ဦးအား ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြု နိုင်ရေးအတွက် နှာခေါင်းတို့ဖတ်၊ အားခေါင်တို့ဖတ်များ ရယူခဲ့ပြီး ကျန်းရှိသော အမျိုးသမီး(၁)ဦးအား RTD Test Kit ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ပနှင့် ပြည်တွင်းရှိ နေရပ်သို့ရောက်ရှိလာသူ(၃)ဦးတို့အား မြို့နယ်ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတို့က သီးခြားကန့်သတ် ထားရှိပြီးနှာခေါင်း၊ အာခေါင်တို့ဖတ်တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အဆင့်ဆင့်သို့ ပို့ဆောင်စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)