၂၀၂၀ပြည့်နှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Zoom Online Meeting အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်

ဟားခါး  ဒီဇင်ဘာ

၂၀၂၀ပြည့်နှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် Zoom Online Meeting အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့၌ကျင်းပရာ ချင်းပြည်နယ် အမျိုးသမီး ကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အမှာစကားပြောကြားရာတွင် ကမ္ဘာပေါ်ရှိ အမျိုးသမီး()ဦးတွင် တစ်ဦးသည် အကြမ်းဖက်မှု တစ်မျိုးမျိုးနှင့် တွေ့ကြုံခံစားနေရပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသည် လူသားမဆန်သည့် အပြုအမူဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်သာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ၂၀၂၀ပြည့်နှစ့် ဆောင်ပုဒ်မှာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တုံ့ပြန်ဖို့၊ သီးသန့်ရန်ပုံငွေထားရှိလို့ အချက်အလက် ကောက်ယူစို့ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ တာဆီးကာကွယ် နိုင်ရန်အတွက် ပြည်သူလူထုကို ဗဟိုပြုပြီး အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ဖော်ဆောင် လျက်ရှိကြောင်း၊ အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာတွင် အဖွဲ့အစည်း အားလုံး ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန်များ ထည့်သွင်းပြောကြားသည်။

ထို့နောက် ချင်းပြည်နယ် လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးဒေါ်ခင်သူဇာက ၂၀၂၀ပြည့်နှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် Zoom Online Meeting အခမ်းအနား ကျင်းပရခြင်းများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် အမျိုးသမီးအဖွဲ့အစည်းများ ကိုယ်စားလှယ်တစ်ဦးက လည်းကောင်း၊ ချင်းအမျိုးသမီးအဖွဲ့အစည်းမှ ဒေါ်ဂျူလီယားဇိန်တလွဲမဲန်က လည်းကောင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဆိုင်ရာများ ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ၂၀၂၀ပြည့်နှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Video Clip ပြသပေးခဲ့ပြီး အဆိုပါ Zoom Online Meeting အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီး ကော်မတီဝင်များ၊ ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက် အမျိုးသမီးအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)