ကျောက်ဆည် မတ်လ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး ယနေ့နံနက် (၉) နာရီက အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုကောင်းစွာ အသုံးချတတ်စေရန်နှင့် ထူးချွန်ထက်မြတ်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အင်္ဂလိပ်ဆရာမ ဒေါ်အေးစုမွန်က Eight Parts of Speech ဝါစင်္ဂ (၈) မျိုးဖြစ်သည့် Noun (နာမ်)၊ Pronoun(နာမ်စား)၊ Adjective (နာမဝိသေသန)၊ Verb (ကြိယာ)၊ Adverb (ကြိယာဝိသေသန)၊ Proposition (ဝိဘတ်)၊ Conjunction (စကားစပ်)၊ Interjection (အာမေဋိတ်) အကြောင်းများနှင့် Tenses (ကာလများ) ဖြစ်သည့် ပစ္စုပ္ပန်ကာလ၊ အတိတ်၊ အနာဂတ်ကာလများအကြောင်းကို စနစ်တကျ ဆက်လက်သင်ကြားပေးခဲ့ကြောင်းနှင့် အဆိုပါအခြေခံအင်္ဂလိပ်စာအခမဲ့သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၅၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၁)လ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်၊ခရိုင်(ပြန်/ဆက်)