ကျောက်ဆည် မတ် ၃
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 တန်းနှင့် Grade-9 တန်းများ သက်ဆိုင်ရာ စာဖြေဌာနများတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ အခန်းဆုံး စာမေးပွဲများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Grade-5 တန်းများ အခန်းဆုံးစာမေးပွဲများဖြေဆိုရာတွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား (၂၀၅၃) ဦး၊ ကျောင်းသူ(၂၀၉၂) ဦး စုစုပေါင်း (၄၁၄၅) ဦး ဖြေဆိုခဲ့ကြောင်းနှင့် Grade-9 တန်းတွင် ကျောင်းသား (၁၁၅၂) ဦး၊ ကျောင်းသူ (၁၂၈၇) ဦး စုစုပေါင်း (၂၄၃၉) ဦး ဖြေဆိုခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ ဖြေဆိုရာတွင် အခက်အခဲမရှိ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေး၊ Grade-5 ကျောင်းသား/ ကျောင်းသူများအတွက် စာဖြေဌာန (၅၅) ခု၊ Grade-9 ကျောင်းသား/ ကျောင်းသူများအတွက် စာဖြေဌာန (၁၆) ခု ဆောင်ရွက်ပေးထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်မောင်(ကျောက်ဆည်)