မြစ်သားမြို့နယ်တွင် ‌ ဒေသခံပြည်သူများ စားအုန်းဆီတစ်ပိဿာ (၈၀၄၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေး

မြစ်သား မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများ အားစားအုန်းဆီတစ်ပိဿာလျှင် (၈၀၄၀) ကျပ်နှုန်းဖြင့်‌ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်စုံဆိုင်‌ရှေ့တွင် ယနေ့နံနက်က ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မြစ်သားမြို့ ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာကုန်စုံဆိုင်ရှေ့တွင် ဒေသခံပြည်သူများအား ဆီတစ်ပိဿာ (၈၀၄၀) ကျပ်နှုန်းဖြင့် တစ်ဦးလျှင် နှစ်ပိဿာဖြင့် တစ်ရက်ဆီပိဿာပေါင်း (၂၈၈) ပိဿာအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)