မဟာအောင်မြေမြို့နယ်၌  နွေရာသီ အခြေခံအားကစားနည်းသင်တန်းများဖွင့်လှစ်

မဟာအောင်မြေ မတ် ၃

မဟာအောင်မြေမြို့နယ်တွင် ၂၀၂၅ ခုနှစ် နွေရာသီကာလကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ကိုယ်ကာယကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားနည်းသင်တန်းများကို အားကစားနှင့်ကာယပညာ ဦးစီးဌာနက  မတ်လ ၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေရာသီအခြေခံအားကစား သင်တန်းတွင် ဘောလုံး၊ လက်ဝှေ့ (Boxing)၊ ရိုးရာလက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပြစ်စသည့် အားကစားနည်း (၇) နည်းကို မတ်လ(၃၁) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

အောင်ဇော်မင်း