စဉ့်ကိုင် မတ် ၃
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကျောက်ဆည်တက္ကသိုလ်နှင့် ပျားမွေးမြူမှု့ ဖွံ့ဖြိုးရေးဌာနခွဲတို့ ပူးပေါင်းကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သတ္တဗေဒဌာနမှ ကြီးမှူးကျင်းပသော ပျားမွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို အဆိုပါ တက္ကသိုလ်၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာရီရီဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိမ်းညို့ညို့ကို (သင်တန်း)က အမှာစကား ပြောကြားခဲ့ပြီး သတ္တဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာ လဲ့လဲ့ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မောင်မောင်စိုးက ပျားမွေးမြူရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
၎င်းနောက် သင်တန်းနည်းပြဆရာ စဉ့်ကိုင်မြို့နယ် ပျားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ မြို့နယ် ဦးစီးမှူး ဦးသိန်းကိုနှင့် သင်တန်းနည်းပြဆရာများက သင်တန်းသား/ သူ (၈၅)ဦးအား ပျားမွေးမြူရေးနှင့်ပတ်သက်သည့် သင်ခန်းစာအကြောင်းအရာများကို စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးခဲ့ကြောင်းနှင့် ယင်းသင်တန်းအား ၃-၃-၂၀၂၅ ရက်နေ့မှ ၄-၃-၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)(၃၉၉)