ကမမောင်း မတ် ၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် Grade-5 နှင့် Grade-9 စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်/မြို့နယ်/မြို့အဆင့်ဌာနဆိုင်ရာများက ယနေ့နံနက်(၉)နာရီ အချိန်က အခြေခံပညာကျောင်းသို့သွားရောက်အားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမျိုးမြင့်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်၊ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်း၊ ကမမောင်းမြို့ဦးစီးမှူး ဦးသန်းလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ခရိုင်အဆင့် စာမေးပွဲဖြေဆိုနေသည့် Grade-5 ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်နယ်အဆင့် စာမေးပွဲဖြေဆိုနေသည့် Grade-9 ကျောင်းသား၊ ကျောင်းသူများအား စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ပညာရေးဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျောင်းသား မိဘများနှင့်ပူးပေါင်း၍ လုံခြုံရေးကိုစနစ်တကျ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ကမမောင်းမြို့တွင် ခရိုင်အဆင့် စာမေးပွဲဖြေဆိုနေသည့် Grade-5 ကျောင်းသား၊ကျောင်းသူစာရင်းရှိ ကျား(၂၇၇)ဦး၊ မ(၄၁၀)ဦး စုစုပေါင်း(၆၈၇)ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျား(၂၃၁)ဦး၊ မ(၃၅၉)ဦး စုစုပေါင်း (၅၉၀)ဦး၊ ပျက်ကွက်သူ ကျား(၄၆)ဦး၊ မ(၅၁)ဦး စုစုပေါင်း (၉၇)ဦးရှိပြီး ပြည်နယ်အဆင့် စာမေးပွဲဖြေဆို နေသည့် Grade-9 ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ ကျား(၉၈)ဦး၊ မ(၁၃၈)ဦး စုစုပေါင်း(၂၃၆)ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျား(၈၇)ဦး၊ မ(၁၂၂)ဦး စုစုပေါင်း(၂၀၉)ဦး၊ ပျက်ကွက်သူ ကျား(၁၁)ဦး၊ မ(၁၆)ဦး စုစုပေါင်း (၂၇)ဦးရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကမမောင်း(ပြန်/ဆက်)