ပန်းခင်းစီမံချက် ၃ ဖြင့် အမရပူရမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်

အမရပူရ ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ကမ္ဘဲ့ကျေးရွာအုပ်စုရှိ ရွာလည်ဓမ္မာရုံအတွင်း၌ အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်း၏ ကြီးကြပ်မှုဖြင့် ဒုလဝကမှူး ဒေါ်ချိုသန္တာလွင် ဦးဆောင်သောအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်း ကမ္ဘဲ့ကျေးရွာအုပ်စုရှိ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်-၃ ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အကျုံးဝင်ပြည်သူ ကျား (၃၄) ဦး၊ မ (၂၆) ဦး၊ စုစုပေါင်း (၆၀) ဦး မှတ်ပုံတင်ပြုလုပ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။

 စိုးသီဟ(အမရ)