ကျောက်ဆည် ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မုန့်ပေါင်းကျေးရွာတွင် ယမန်နေ့နံနက် (၁၀) နာရီက ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေ (၂) သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ငွေများ ထောင့်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ထောက်ပံ့ငွေ ထောက်ပံ့ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၂) ဦးခင်မောင်ဝင်းက ထောက်ပံ့ ငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာထောက်ပံ့ငွေပေးအပ်ရေးအဖွဲ့များနှင့်အတူ မုန့်ပေါင်းကျေးရွာတွင်ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု (၆၅) စုမှ လူဦးရေ (၂၉၁) ဦးအား (၁) ဦးလျှင် ငွေကျပ် (၂) သောင်းနှုန်းဖြင့် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဒေသအသီးသီးမှ ယာယီနေရပ်ခွာလာသည့် အိမ်ထောင်စု (၃၃၅) စု၊ လူဦးရေ (၁၂၀၃) ဦးရှိကြောင်း မြို့နယ်ထောက်ပံ့ငွေပေးအပ်ရေးအဖွဲ့မှ သိရသည်။
သက်မောင်(ကျောက်ဆည်)