ပျော်ဘွယ် ဖေဖော်ဝါရီ ၂၈
ပျော်ဘွယ်မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိုးကြိုဝါစိုက်ပျိုးမည့်သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအာကာထွန်းက သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ စိုက်ပျိုးသီးနှံများအတွက် သွင်းအားစုများ ပေးအပ်ခဲ့မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မိုးကြိုဝါစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား မျိုးစေ့များပေးအပ်ခဲ့သည်။
နယ်သမဝါယဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ မိုးကြိုဝါစိုက်ပျိုးမည့် သမဝါယမအသင်း(၉)သင်းမှ အသင်းသား(၁၉၄)ဦး၊ စိုက်ဧက (၆၀၀)အတွက်၊ B-31 မျိုးစေ့အိတ်ပေါင်း(၄၃၇)အိတ် ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)