မဟာအောင်မြေ ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာမြိုင် (၂) ရပ်ကွက်၊ အသင်းရုံး အဆောက်အဦတွင် မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအသင်း (Myanmar Art & Culture Association- MACA) မန္တလေးရုံးခွဲ၊ ရုံးဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း တို့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်းဗဟိုဥက္ကဋ္ဌ ဒေါအေးသဉ္ဇာသူမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်၊ အသင်းဒုတိယဥက္ကဋ္ဌ (၂) ဒေါ်မြသွေးရည်မှ အသင်း၏ ရည်ရွယ်ချက်နှင့် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ အသင်းဒုတိယဥက္ကဋ္ဌ (၁) ဒေါ်တင်တင်လှိုင်မှ ဆုတောင်းစကားပြောကြားခြင်း၊ အသင်းဖွဲ့စည်းပုံအားတင်ပြခြင်းနှင့် အသင်းဝင်များအား မိတ်ဆက်ပေးပြီးနောက် အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ မြန်မာ့ယဉ်ကျေးမှုဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း