သာစည် ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ရာဂီမုန်တိုင်း အကြွင်းအကျန်တိမ်တိုက်များကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ကျေးရွာ ၁၄ ရွာရှိ အိမ်သုံးမီတာများ ရေနစ်မြုပ်ခြင်းနှင့်ရေစီးနှင့်မျောပါခြင်းများဖြစ်ကာ ပျက်စီးခဲ့သော အိမ်သုံးမီတာများအား အစားထိုးပြန်လည်တပ်ဆင်ပြီးစီး၍ အဆိုပါကျေးရွာများ လျှပ်စစ်ဓာတ်အား ပြန်လည်သုံးစွဲခွင့်ရရှိပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှသိရသည်။
ရေကြီးရေလျှံမှုကြောင့် ကျေးရွာ ၁၄ ရွာရှိ အိမ်သုံးမီတာ ၅၁၄ လုံးနှင့်စီတီမီတာတစ်လုံး ရေနစ်မြုပ်ခဲ့ပြီး အိမ်သုံးမီတာ ၁၃ လုံးရေစီးနှင့်မျောပါပြီး ပျက်စီးမှုများဖြစ်ပွားခဲ့ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းသို့ ပျက်စီးမီတာများအတွက် အစားထိုးမီတာများ တင်ပြတောင်းခံပြီး ပြန်လည်တပ်ဆင်ပေးကာ လျှပ်စစ်ဓာတ်အား ပြန်လည်သုံးစွဲခွင့်ပြုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)