ကျောက်ဆည် ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိ ပညာ ဗဟုသုတ ပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ယနေ့နံနက် (၁၁) နာရီခွဲက ကျောက်ဆည်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေသရဖီခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲတွင် အမှတ်(၂) အခြေခံပညာအထက်ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးသန်းက လူငယ်များကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်လာစေရန် စာပေကို ကြိုးစားသင်ယူကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက “လူငယ်နှင့်ရည်မှန်းချက်” ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အရွယ်မရောက်သေးသူ ကလေး သူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)