မိတ္ထီလာမြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး ရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဖေဖော်ဝါရီ ၂၇                                

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး ရောင်းချနေသော အရောင်းဆိုင်များအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည်   မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မိတ္ထီလာမြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး ရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် (Packing) ဖြင့် ‌‌ရောင်းချသော Meizan၊ အမေထွား စိန်စီ၊ ရွှေတောင်နှင့် ရွှေပြည်စိုး ကုန်အမှတ်တံဆိပ်ပါ ဆီများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ၂/၂၀၁၉ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိခြင်း၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့် အလေးချိန်နှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များလည်း ပါရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)