ကျောက်ဆည် ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးခဲ့သည့် နေကြာသီးနှံ(၃၉၆၄)ဧက ရိတ်သိမ်းခဲ့ရာ နေကြာတင်းပေါင်း (၁၁၇၇၃၂)တင်းထွက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
အဆိုပါ ရိတ်သိမ်းခဲ့သော နေကြာစိုက်ခင်းများသည် သင်ပုတ်၊ မြင်းတွင်း၊ မြင်းချီနိုင်၊ မြင်းကဘက်၊ လက်ပန်ဇင်၊ ပေါင်လောင်လေး၊ ရွှေဦးမြေ၊ သံ-နောက်၊ ကင်း၊ တောင်တော်၊ မြေစိုမိုးကောင်း၊ ဆူးလေကုန်း၊ ကျားကာ၊ လယ်ကြီး၊ ကလေး၊ လေးဆယ်ကုန်း၊ တောတွင်၊ စိုင်မလန်း၊ ကိုးပင်၊ ဖျောက်ဆိပ်ပင်၊ ပဲခင်း၊ ရွာသစ်၊ ရဲရွာ၊ မြင်းစိုင်း၊ ရှမ်းတောင်ဦး၊ သင်္ဂတုန်၊ ချောင်းဆုံ၊ ရဲဘော်ကြီး၊ ရွှေဒါး၊ အရှ့ငယ်တိုး၊ မှိုင်းပန်၊ ရေကြည်စသည့် စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမ၊ လယ်ယာမြေနှင့် အထွေထွေသမဝါယ၊ စိုက်ပျိုးရေးနှင့်အထွေထွေထုတ်လုပ်ရေး အခြခံသမဝါယမအသင်း (၄၃)သင်းမှ အသင်းသားတောင်သူများ စိုက်ပျိုးထားသည့် နေကြာစိုက်ခင်းများဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နေကြာသီးနှံစိုက်တောင်သူများလူမှုစီးပွာဘဝဖွံ့ဖြိုးတိုးတက်ရေး အထွက်နှုန်းကောင်းမွန်ပြီး အကျိုးအမြတ်ရရှိရေး ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် ပြောင်းလဲစိုက်ပျိုး ရေး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ ဆက်စပ်ဌာနများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့်သိရသည်။
သက်မောင်(ကျောက်ဆည်)