မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်

ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် လူငယ်/ လူရွယ်များအနေဖြင့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့်အတွေးအခေါ်ကောင်းများ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူတို့က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး စာရေးဆရာမကြီး သင်းသင်း(မန္တလာ)က စာရေးဆရာအောင်သင်း၏ “ပညာရေးနှင့် စာရိတ္တ” စာအုပ်အား ဆွေးနွေးခဲ့ရာ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များကလည်း  အသီးသီး အပြန်အလှန်မေးမြန်းဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ စာရေးဆရာမကြီး သင်းသင်း (မန္တလာ) နှင့်အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)