မိတ္ထီလာမြို့နယ် ပျော်ကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ညောင်မြင့်ကျေးရွာအုပ်စု ပျော်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောifရွက်ပြီးစီးမှုအခြေအနေအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ​ခေတ်မီစံပြ​​ကျေးရွာထူ​ထောင်​ရေးစီမံကိန်း(Smart Village)အကောင်အထည်ဖော်ဆောင်ရွက်သည့် ​ပျော်ကုန်းကျေးရွာ၌ စီမံကိန်းရန်ပုံ​ငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ စိုက်ပျိုး​ရေအတွက်​မြေသား​ရေကန်တိုးချဲ့တူး​ဖော်ခြင်းလုပ်ငန်း၊ အမှိုက်ကန်တူး​ဖော်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ စာအုပ်၊ စာအုပ်စင်ဝယ်ယူခြင်းနှင့် Wireless Wifi တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ခရိုင်ဦးစီးမှူး​ဒေါ်မြင့်ဝင်း၊ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ခံအင်ဂျင်နီယာများက ကွင်းဆင်းစစ်ဆေးခဲ့ရာ ခရိုင်ဦးစီးမှူး ​​ဒေါ်မြင့်ဝင်းက ​ပျော်ကုန်း ကျေးရွာ ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာဖွံ့ဖြိုး​ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်​ပြောကြား၍ ​ကျေးရွာအ​နေဖြင့်​ဆောင်ရွက်ပြီး ဖွံ့ဖြိုး​ရေးလုပ်ငန်းများကို ထိန်းသိမ်း​စောင့်​ရှောက်ရန်နှင့် အကျိုးရှိစွာအသုံးပြုရန်မှာကြားခဲ့သည်။

ပျော်ကုန်းကျေးရွာ၌ အရှည် ၆၀၀ပေ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ​စိုက်ပျိုး​ရေး​အတွက်​ မြေသား​ရေကန်တိုးချဲ့တူး​ဖော်ခြင်းလုပ်ငန်း၊ အမှိုက်ကန် တူး​ဖော်ခြင်းနှင့်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ စာအုပ်၊ စာအုပ်စင်ဝယ်ယူခြင်းနှင့် Wireless Wifi တပ်ဆင်ခြင်းလုပ်ငန်းများအား စီမံကိန်းရန်ပုံ​ငွေကျပ်သန်း(၄၀)ဖြင့်ဆောင်ရွက်ခဲ့ရာ အဆိုပါဖွံ့ဖြိုး​ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ကျေးရွာရှိအကျိုးပြုအိမ်ခြေ (၂၃၁)၊ အကျိုးပြု လူဦးရေ (၁၁၃၂)ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေး၊လူနေမှု အဆင့်အတန်းနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)